User:Jerrybabylay

From Wikimedia Commons, the free media repository
Jump to navigation Jump to search


                                    [ ဗေဒင်ဆရာပြောတာမှန်ပါတယ်]
     
                       ဗေဒင်ကို အင်မတန်ယုံကြည်သောလင်မယားနှစ်ယောက်စကားပြောနေကြသည်။

ယောင်္ကျား။ ။ဗေဒင်ဆရာပြောတာမှန်လည်းမမှန်ဘူး။ငါ့မှာတော့စိတ်ဆင်းရဲ လိုက်ရတာ။ မိန်းမ။ ။ဆရာကဘာပြောလို့ လည်း ၊ရှင်ကစိတ်ဆင်းရဲရအောင်။ ယောင်္ကျား။ ။မင်းကိုယ်ဝန်ရှိတုန်းကဗေဒင်ဆရာပြောလိုက်တာလေ ၊ မှတ်မိသေးလား။ မိန်းမ။ ။အငိးမှတ်မိသားပဲ။ ကလေးကဖေဖေလို့ ခေါ်တဲ့ နေ့ ကြရင် ကလေးအဖေသေမယ်ဆိုတာမှတ်လား။ ယောင်္ကျား။ ။အေးလေ။မနက်ကပဲသားလေးကငါကို ဖေဖေ လို့ခေါ်တယ်လေ။ အခုည ( ၁၂ )နာရီကျော်ပြီလေ။ငါသေမှမသေသေးတာကွ။ သူပြောတာမှားတာပေါ့။ မိန်းမ။ ။သူပြောတာမမှားပါဘူးမောင်ရယ်။ နေ့ ခင်းက အကိုအလုပ်သွား နေတုန်း ဟိုဘက်အိမ်က ကိုဖိုးအောင်ကြီးဆုံးသွားတယ်လေ။

_________________________________________________________________________________________________________


                                  [  မ ခံ စား နိုင် လို့ပါ]
    
               တနေ့ မှာ အဖွား ကြီး တယောက် သွား ကိုက် ဝေဒနာ ကို အပြင်း အထန် ခံ စား နေ ရ ရှာ သ တဲ့...

နောက် ဆုံး မ ခံ စား နိုင် တာ နဲ့ .. ဆရာဝန် နဲ့ သွားပြ သတဲ့... ဒါပေမယ့် ခက် တာ က သူပြ တဲ့ ဆရာဝန် က သွား ဆရာဝန် မဟုတ် ပဲ... O.g ဖြစ် နေတယ်.. အဘွားကြီး ။ ။ ကျွန်မ မခံ မရပ် နိုင် အောင် ကိုက် ခဲ နေ တာ ပဲ ဆရာရယ် ဆရာဝန် ။ ။ ဟုတ်ကဲ့အဖွား..ကျွန်တော်သေသေချာချာ စစ် ဆေး ပေး ပါ့မယ်

ဆရာဝန် မှာ သေ သေ ချာ ချာ စစ် ဆေး ပြီး....

ဆရာဝန်။ ။ အဖွား ရ... ဘာမှ လည်း မဖြစ် ပါလား..... အဘွားကြီး။ ။ မသိပါဘူး ဆရာရယ် သွားက တနေ့ထက်တနေ့ ပိုပို ပြီး ကိုက် လာ လို့ လာ ဆေးခန်းလာပြတာ ပဲ.... ဆရာဝန်။ ။ အမ် အဖွား က သွား ကိုက် နေ တာ လား... ဘာ လို့ ကျွန်တော့ ကို စောစော က မပြောလည်း..... ထိုအခါ အဘွားကြီး ပြော လိုက်ပုံ က......... အဘွားကြီး ။ ။ မသိဘူး လေ ဆရာရယ် ... ကျွန်မက .. သွား ရဲ့ အမြစ် ကို ရှာနေတာမှတ်လို့...

__________________________________________________________________________________________________

                                     [ ကောင်း ရော]
                          ဆေးကျောင်းတခုတွင် ဖြစ်သည်..

ဆရာပေါက် ၂ ယောက် က ကျောင်း သား ကျောင်း သူ များ အား စာမေး ပွဲ စစ်နေသည်.. ဆရာပေါက်စ ၂ ယောက် က ခွက် ပုံး ကစ် ရင်း စစ် နေ ကြခြင်းဖြစ် သည်... စစ် တဲ့ ပုံ စံ က တော့... ကြွတ်ကြွတ် အိပ်လေး တခု စီထဲ မှာ. လူ့ ကိုယ် တွင်း မှာ ရှိတဲ့.. အင်္ဂါ အစိတ် အပိုင်း တ ခု စီထည့် ထား သည်... ပြီး တော့. ကျောင်း သား၊ ကျောင်း သူများက မိ မိ စိတ် ကြိုက် အိပ်ကို ရွေး ချယ် ကြီး.. ထို အစိတ်အပိုင်း သည် ဘာ ဖြစ် တယ်.. ဘယ် လို အလုပ် လုပ် တယ် ဆို တာ ကို ဖြေ ဆို ရမှာ ဖြစ် ပါတယ်.. အဲ ဒီလိုနဲ့.. ကျောင်း သား ကျောင်း သူ တွေ ဖြေဆို သွား လိုက် ကြတာ.. ကျေားင်းသူလေး တ ယောက် အလှည့် ကြတော့.... ကျွတ်ကျွတ် အိပ်ကို စမ်း ကြည့်ပြီး... မျက်လုံး.. ပြူး မျက်စံ ပြူး နဲ့.. "ဟင် .. ဟင်.. ဒါ....ဒါ ... ဒါ .. ၀က် အူချောင်း...၀က် အူ ချောင်း" .. လို့ ပြော ပါတယ်.. အဲဒီမှာ ဆရာ ၂ ယောက် က... "သမီး ဒါ စာမေး ပွဲစစ် တာ လေ...သေချာစဉ်းစား သမီး... " "သမီး မှာ chance ရှိ တယ် စဉ်းစား လို့ ရသေးတယ် "... လို့ ပြောပါတယ်.. အဲဒီမှာ.. ကျောင်းသူ လေး က... "မ.. မဟုတ်ဘူး.. ဒါ ၀က်အူချောင်း မှ ၀က် အူချောင်း အစစ်.." လို့.. ပြောပါတယ်. ထို အခါ ဆရာကလည်း. "မဟုတ်သေးဘူးလေ သမီး... ဒါလူ့ ကိုယ် အင်္ဂါ အစိတ် အပိုင်း တွေ.. လေ" "ဘယ်လို လုပ် ၀က် အူချောင်း ပါမှာလည်း... သေသေ ချာချာစဉ်းစား သမီး" "ပြီးတော့ သမီးက ဆရာဝန်လုပ်မှာလေ.. မရှက် ရဘူး..." လို့ ပြော သတဲ့.. ကျောင်း သူလေး က လည်း.. "မဟုတ်ဘူး သမီး သိ တယ် ဒါ ၀က် အူချောင်း မှ ၀က် အူချောင်း အစစ်.." ထိုအခါ ဆရာ ၂ ယောက် မှာ မနေသာတော့ပဲ. "ကဲ ဒါဆို ဖွင့် ကြည့် ကြရအောင်" ဆို ပြီး ဖွင့် ကြည့်လိုက် တဲ့ အခါ... တ ကယ် ပဲ.. ၀က် အူ ချောင်း ကြီး ထွက်လာ သတဲ့..... ထို အခါ ဆရာ တစ် ယောက် ပြောလိုက် ပုံ က.. "ဟာ .. ခွီး တဲ့ မှ ပဲ... ငါ တို့.. ၀က် အူ ချောင်း နဲ့ မှား မြည်း မိပြီ"...တဲ့...

____________________________________________________________________________________________

                                       [ တော်သေးတာပေါ့ ]

လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။ အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည် နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာ မေးလိုက်သည်။

-အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး သားလေးက ကိုယ့်ရဲ့ ကလေးဆိုတာ။

- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။ ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက် ကွယ်လွန်သွားသည်။ ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။ - တော်သေးတာပေါ့ ... တခြား သုံးယောက်ကို မေးမသွားလို့......