Category:ငှက်နှင့် လင်းဒ

From Wikimedia Commons, the free media repository
Jump to navigation Jump to search

ဒို့တိုင်းပြည်မှာ ငှက်နှင့် လင်းဒ ရောခဲ့ပြီ...။


တစ်ခါတုန်းက တောအုပ်တစ်ခုမှာ အင်မတန် အင်အားကြီးမားတဲ့ ကြက်အုပ် တစ်အုပ်ဟာ ကေသရာဇာ ခြင်္သေ့မင်းကိုပင် မကြောက်ပဲ တောအုပ်တစ်ခုလုံးကို လှည့်လည် ကျက်စား ခဲ့ကြသတဲ့ကွယ်။ အစာရေစာလည်း ပေါများ၊ အန္တရာယ်လည်း မရှိတော့ ကြက်များအားလုံး ပျော်ရွှင်မဆုံး မြူးတူး ပျံသန်း ခဲ့ကြလေတယ်။ ကြက်အုပ်ကြီးကို ခေါင်းဆောင်သူကတော့ ထက်မြတ်ပြီး အစွမ်းရှိတဲ့ တိုက်ကြက်ဖကြီးက ဦးဆောင်ခဲ့သတဲ့ကွယ်။ ဒီလိုနဲ့ -- တစ်နေ့တော့--- ။ ကြက်အုပ်ကြီး ကျက်စားရာ အရပ်ကို အခက်အခဲ ဒုက္ခတွေနဲ့ သနားစရာ ကောင်းတဲ့ လင်းဒကြီး တစ်ကောင်ဟာ တိတ်ဆိတ်စွာ ဝင်ရောက် နေထိုင်ခဲ့သတဲ့တွယ်။ မျိုးမတူတဲ့ လင်းဒတြီးကို ကြက်များက ရန်ပြု ထိုးဆိတ်ပြီး တောအုပ်ကြီးရဲ့ အဝေးဆုံးကို မောင်းထုတ်ခဲ့ကြသတဲ့။ ဒါပေမယ့် သနားတတ်ပြီး စိတ်ကောင်းရှိတဲ့ ကြက်အုပ်ခေါင်းဆောင် တိုက်ကြက်ဖကြီးက အစာရေစာနဲ့ နေရာထိုင်ခင်း ပေးခဲ့ပြီး ကြက်များအားလုံးကိုလည်း ရန်မပြုကြအောင် မှာထားခဲ့သတဲ့။ လင်းဒကြီးလည်း ခေါင်းကြီးကို အောက်ဆိုက်ပြီး သနားစရာပုံစံ လုပ်ပြလေတယ်။ ကြက်တွေ ထိုးဆိတ်တာလည်း ဘာမှပြန်မလုပ်ပဲ ငြိမ်နေလေတော့ ကြက်တွေလည်း သနားစိတ်ဝင်လာပြီး ရန်မပြုကြတော့ပဲ အစာ နှင့် ရေများကို ပေးခဲ့ကြတယ်။ အကြံအစီ အပြည့်ရှိပြီး ကောက်ကျစ်တဲ့ စိတ်ရှိတဲ့ လင်းဒကြီးကတော့ ကြက်တွေပေးတဲ့ အစာကို မစားပဲ ကြက်သားကိုပဲ စားဖို့ စိတ်ကူးခဲ့သတဲ့။ ဒီလိုနဲ့ ကြက်အုပ်ကြီး အစာရှာ ထွတ်ချိန်မှာ ကျန်နေခဲ့တဲ့ ကြက်သားပေါက်လေးတွေနဲ့ ကြက်ဥများကို ခိုးယူ စားသောက်ပြီး ကြက်အုပ်ကြီး ပြန်လာချိန်မှာတော့ ခေါင်းကြီးကို အောက်ဆိုက်ပြီး မသိသလိုနေခဲ့တယ်ကွဲ့။ အချိန်တွေ ကြာလာတော့ ကြက်သားလည်းစား၊ ကြက်ပျိုလေးတွေကိုလည်း လှည့်ဖြားသွေးဆောင်ပြီး သားမယားအဖြစ် သိမ်းပိုက် ပေါင်းသင်းခဲ့တယ်။ ကြက်မျိုးဆက်လည်း တဖြေးဖြေး လျော့နည်းလာခဲ့သတဲ့။ ကြက်အုပ် ခေါင်းဆောင်တိုက်ကြက်ဖကြီးကတော့ ဘာမှမသိရှာပဲ ၊ လင်းဒကြီးကို ရန်ပြုမောင်းနှင်ကြတဲ့ မိမိရဲ့သွေးရင်း ကြက်များကိုပင် လှောင်ချိုင့်ထဲ ထည့်ပိတ်ပြီး အစာ၊ ရေ မပေးပဲ၊ ရက်စက်စွာ အပြစ်ပေးခဲ့သတဲ့ကွယ်။ အကြံကြီးပြီး ကောက်ကျစ်တဲ့ လင်းဒကြီးကတော့ မိမိကို ရန်ပြုနိုင်တဲ့ ကြက်များလည်း မရှိတော့တာကြောင့် အခွင့်ကောင်းယူပြီး ကြက်ပျိုလေးတွေနဲ့ အခြားကြက်တွေကို သွေးဆောင်ပြီး၊ သားမယားပြုကျင့်ခဲ့တယ်။ ကြက်မျိုးဆက်လည်း တဖြေးဖြေး မျိုးမစစ်တော့ပဲ ကြက်တစ်ပိုင်း လင်းဒ တစ်ပိုင်း ဖြစ်လာတော့တယ်။အဲ့ဒီ ကြက်တစ်ပိုင်း လင်းဒ တစ်ပိုင်းကိုတော့ ကြက်လင်းဒ လို့ခေါ်တယ်။ အဲ့ဒီ ကြက်လင်းဒ လေးတွေကြီးရင့်လာပြန်တော့လည်း ဖွဲ၊ ဆန်ကွဲကို မနှစ်သက်ပဲ ကြက်သားကိုပဲ စားသုံးခဲ့သတဲ့။ အချိန်တွေ ကုန်ဆုံးလာတာနဲ့ ကြက်အုပ်ကြီးလည်း အင်အားနဲလာပြီး ကြက်လင်းဒတွေက အနိုင်ယူ ဝါးမျိုလိုက်သတဲ့။ နောက်ဆုံး ကြက်အုပ်ခေါင်းဆောင် တိုက်ကြက်ဖကြီးကိုပင် ရက်ရက်စက်စက် ဖမ်းယူ စားသောက်ခဲ့ကြသတဲ့ကွယ်။ ဦးဏှောက်ဥာဏ် မြင့်မားပြီး၊ အခြေအနေကို သုံးသပ်နိုင်ခဲ့တဲ့ ကြက်ဖကြီးတစ်ကောင်ပဲ မိမိရဲ့တောအုပ်ကို စွန့်လွှတ်ပြီး ထွက်ပြေး ပျံသန်း လွတ်မြောက်ခဲ့သတဲ့ကွယ်။ မိမိ၏နေရပ်ကို စွန့်လွှတ်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ကြက်ကြီးရဲ့ ရင်ထဲမှာတော့ -------


တိုက်ကြက်ကိုလည်း . . . အပြစ်မမြင်

လင်းဒကြီးကိုလည်း . . .အပြစ်မဆို

မိမိရန်သူကို . . . တယ်တင်မိခြင်း

မျိုးမတူသူနှင့် . . . ပေါင်းဖက်မိခြင်း

သူတပါးအားသနားတတ်ခြင်း . . . သူတပါးအား ယုံလွယ်တတ်ခြင်း

မိမိ၏အမျိုး စကားကိုမယုံခြင်း . . . မျိုးမတူသူအား မြောက်စားခြင်းတို့ကြောင့်

မိမိနေရပ်ကို စွန့်ခွါခဲ့ရတယ်လို့ ---- ရင်ကွဲမတတ် ခံစားချက်နဲ့

နောင်သောအခါ ကြက်မျိုးကို အကြီးမားဆုံးဖြစ်အောင် ထူထောင်ချိန်တွင် အထက်ဖေါ်ပြပါ အချက် (၈) ချက်ကို ကိုယ်တိုင် ကျင့်သုံးပြီး

နောင် အနာဂတ် မျိုးဆက်သစ်များ ရင်ထဲမှာ နှလုံးသားနဲ့ ခန္ဓာကိုယ် စွဲမြဲပြီး ခွဲခွါလို့ မရသတဲ့သို့ တစ်သားတည်းဖြစ်အောင် နှလုံးအိမ်ထဲမှာ

ထည့်ပေးရမယ်လို့ ဆုံးဖြတ်ချက်နဲ့ ဒို့တိုင်းပြည်မှာ ငှက် နှင့် လင်းဒ ရောခဲ့ပြီ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြက်မျိုးဆက်များရဲ့ ရင်ထဲကိုဝင်ရောက်ပြီး

နှလုံးသားတံဆိပ် ရိုတ်နှိပ်ပေးခြင်းဖြစ်တယ်။


စာရေးသူ

အသိတရား အမြဲသတိထားခဲ့တဲ့ ငှက်ကြီး


ပိုမို၍ သိလိုလျှင် ဒီနေရာကို နှိပ်ပါ။ 👇

https://dstar905.blogspot.com/2017/09/blog-post.html?view=classic


ဦးကျော်မင်းထက်

(၁၈၁၁၁၉၈၅)

Pages in category "ငှက်နှင့် လင်းဒ"

The following 2 pages are in this category, out of 2 total.

Media in category "ငှက်နှင့် လင်းဒ"

The following 2 files are in this category, out of 2 total.