Translations:Commons:Volunteer Response Team/24/my

From Wikimedia Commons, the free media repository
Jump to navigation Jump to search

မူပိုင်ခွင့် ပိုင်ဆိုင်သူအား အပေါ်တွင်ပြထားသည့် လိပ်စာသို့ ခွင့်ပြုကြောင်း ပို့ပေးရန် ကျေးဇူးပြု၍ ပြောကြားပေးပါ။ ပိုင်ဆိုင်သူက သူတို့၏ ပုံကို အခမဲ့လိုင်စင်ဖြင့် ဖြန့်ချိကြောင်း ရှင်းလင်းသည့် ကြေညာချက်ထုတ်ရန် ကျွန်ုပ်တို့အနေဖြင့် လိုအပ်သည်။ မရေမရာဖြစ်ခြင်းနှင့် နားလည်မှုလွဲမှားခြင်းတို့ကို ရှောင်ရှားနိုင်ရန်အတွက် အီးမေးလ် နမူနပုံစံများ အနက်မှ တစ်ခုခုကို အသုံးပြုစေလိုပါသည်။ ခွင့်ပြုချက်ပေးရာတွင် အခမဲ့လိုင်စင်တစ်ခုဖြင့် သတ်မှတ်ကြောင်း ပါဝင်ရမည်ဖြစ်ပြီး Commons သို့မဟုတ် ဝီကီပီးဒီးယားအတွက်သာ ခွင့်ပြုချက်ပေးထားခြင်း မဖြစ်ရပါ။ ပုံအား Commons သို့ တင်ထားပြီး ဖြစ်ပါက Template:OTRS pending ရှိ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ပါ။
အကယ်၍ ပုံသည် ဖျက်ပစ်ပြီး ဖြစ်ပါက ဖျက်ပစ်ပြီးဖြစ်သော အကြောင်းအရာကို ပြန်လည်မဖန်တီးပါနှင့်။ အီးမေးလ်တွင် ဖျက်လိုက်သော ပုံလင့်ခ် သို့မဟုတ် သင်၏ ဆွေးနွေးချက် စာမျက်နှာလင့်ခ် တို့ကို ထည့်သွင်းပေးပို့ခြင်းဖြင့် OTRS စေတနာ့ဝန်ထမ်း၏ လုပ်ဆောင်ချက်ကို ကူညီရာရောက်ပါသည်။